#Local_News
Published_ 31 March 2023

 

မော်လမြိုင်မြို့နယ်မှာ ကားနဲ့ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် ၂ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့(မော်လမြိုင်)ထံက သိရသည်။

 

မတ်လ ၃၀ရက်နေ့ ညနေပိုင်းအချိန်က မော်လမြိုင်မြို့ အုတ်ဖိုလမ်းမကြီးမှာ ကားနဲ့ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားကြောင်း အကြောင်းကြားချက်အရ အသင်းက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

 

"ရပ်ထားတဲ့ ရေသန့်ပို့တဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိတာ၊ ဆိုင်ကယ်မောင်းတဲ့ကောင်လေးကတော့ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်၊ ကလေးကတော့ ဆေးရုံပို့ရင်း လမ်းမှာသေဆုံးသွားတာပါ"လို့ အသင်းက ပြောသည်။

 

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကလေးငယ်တစ်ဦးသည် ဦးခေါင်းထိခိုက်လက်ထိခိုက်(အနီရောင်အဆင့်)ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူသည် နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း သေဆုံးလူနာတစ်ဦးနဲ့ ကလေးငယ်တို့ကို မော်လမြိုင်ဆေးရုံကြီးသို့ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#ymg/ppk #Local_News #မော်လမြိုင် #ကားနဲ့ဆိုင်ကယ်တိုက်မိ
#YMG #Yangon_Media_Group