#Local_News
Published_ 27 March 2023

 

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုမှ ကုန်သွယ်မှုဝင်ငွေသည် မျှော်မှန်းထားသည့် ပမာဏထက် ဒေါ်လာသုံးဘီလီယံ
ကျော်လွန်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

 

ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ စုစုပေါင်း ၂၉ ဒသမ ၅ ဘီလီယံမျှော်မှန်းထားပြီး ယခုအခါ ဧပြီလ ၁ ရက်မှ မတ်လ ၁၇ ရက်အထိ ပို့ကုန်တင်ပို့မှုမှ ၁၅ ဒသမ ၉၅ ဘီလီယံ၊ သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၀ ဘီလီယံစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၆၅ ဘီလီယံရရှိထားပြီး ကန်ဒေါ်လာ ၃ ဒသမ ၁၅ ဘီလီယံ ပိုမိုရှိထားခြင်းဖြစ်သည်။

 

ယခုနှစ်အတွက်ကုန်သွယ်မှုပမာဏကို ၃၀ ဘီလီယံ နီးပါး မျှော်မှန်းထားရာမှ ကုန်သွယ်​ငွေသည် ၃၂ ဘီလီယံခွဲရှိ​နေပြီဖြစ်သည်။

 

ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောတင်ပို့မှုနှင့် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အများဆုံးဝင်ငွေရရှိထားပြီး၊ သွင်းကုန်ကဏ္ဍတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို အများဆုံးတင်သွင်းထားကြောင်း ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

 

#ymg/ppk #Local_News #ပြည်ပကုန်သွယ်မှု #ဒေါ်လာ ၃ ဘီလီယံ
#YMG #Yangon-Media-Group