#Local_News
Published_ 28March 2023

မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် ကျောက်တောင် သုသာန်ဇရပ်အနီးတွင် အိမ်ခြေမဲ့အမျိုးသားတစ်ဦးသေဆုံးနေပြီး ရုပ်အလောင်းမှာ ပုပ်ပွနေကြောင်း ဦးလှမိုး တာချီလိတ်လူမူကူညီရေးအသင်းမှ သိရသည်။

 

သေဆုံးသူအမျိုးသားမှာ အသက်၃၀ ဝန်းကျင်ခန့်ရှိပြီဖြစ်ပြီး အမည်နာမည်နှင့် မိသားစုကိုဆက်သွယ်စုံစမ်း၍ မရသည့်အတွက် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပြီး ကျောက်တောင်သုသာန်မှာပင် မီးသဂြိုလ်ပေးခဲ့ကြောင်း အဆိုပါအသင်းမှ သိရသည်။


မတ်လ ၂၈ ရက်နေ့ မနက် ၄ နာရီဝန်းကျင်ခန့်ကလည်း တာချီလိတ်မြို့ လမ်းဆုံတစ်ခုတွင် အိမ်ခြေယာမဲ့ အသက် ၄၀ ခန့်အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားခဲ့သေးကြောင်း အဆိုပါ အသင်းမှပင်သိရသည်။ တိုက်သွားသည့်ကားမှာ ထွက်ပြေးသွားပြီး သေဆုံးသူ အိမ်ခြေယာမဲ့ အမျိုးသားကို ကျောက်တောင် သုသာန်မှာသဂြိုလ်ပေးခဲ့ကြောင်းသိရသည်။

#ymg/ynzw #Local_News #တာချီလိတ် #သုသာန် #ပုပ်ပွသေဆုံး
#YMG #Yangon_Media_Group