#LocalNews
Published_ 28March 2023

 

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း၊ ဇဗ္ဗူရတနာဘုန်းကြီးကျောင်းဘေး၊ ရထားသံလမ်းတွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံးကို ယနေ့ မတ်လ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်က တွေ့ရှိခဲ့သောကြောင့် သက်ဆိုင်ရာက ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း သိရသည်။

ဝါယာကြိုးများပါသော သုံးဆင့်စတီးချိုင့်ကို ရထားလမ်းအနီးတွင် မသင်္ကာဖွယ်တွေ့ရှိခဲ့ရာ သုံးဆင့်စတီးချိုင့်အတွင်း ယမ်း၊ ဒီတိုနေတာ၊ ဆားကစ်ပြား၊ ဓါတ်ခဲ၊ ဝါယာကြိုးတို့ချိတ်ဆက်ထားသည့် လက်လုပ်ဗုံးဖြစ်ကြောင်းသိခဲ့ကြခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

ယင်းကြောင့် လုံခြုံရေးတပ်ဖွဲ့က အဆိုပါ လက်လုပ်ဗုံးကို တွေ့ရှိသည့် နေရာအနီးမြေကွက်လပ်တွင် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

ymg/mt
#Yangon_Media_Group