#LocalNews
Published_ 28 March 2023

 

ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ မလွှကုန်းရပ်ကွက် မီးရထားဝင်းအတွင်း လိုင်းခန်းတစ်ခုအတွင်း ပုပ်ပွနေသဖြင့် အမျိုးသားရုပ်အလောင်း ကို မတ်လ ၂၇ ရက်က တွေ့ရှိခဲ့ကြောင်းမင်္ဂလာတောင်ညွန့်လူမှုကူညီ‌ရေးအသင်းက သိရသည်။

အဆိုပါ မီးရထားဝင်းတွင် အပုပ်နံ့များထွက်နေသဖြင့် ရပ်ကွက်နေပြည်သူများက အကြောင်းကြားသဖြင့်ပရဟိတအဖွဲ့များက သွားရောက်ကူညီပေးခဲ့ရာ လူမရှိသည့်အိမ်ခန်းအတွင်း သေဆုံးနေသည့် အဆိုပါ ပုတ်ပွနေသည့် အမျိုးသားရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည့်အတွက် ရန်ကုန်ဆေးရုံကြီး၊ရေခဲတိုက်အပုပ်ဆောင်သို့ သယ်ယူပို့ဆောင်ပေးခဲ့ရကြောင်း ယင်းအသင်းတာဝန်ရှိသူကပြောသည်။

သေဆုံးသူအမျိုးသားမှာ အသက် ၅၉ နှစ် အရွယ်ရှိ ဦးမျိုးညွှန့် ဆိုသူ ဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသည်ကို မသိရသော်လည်း ပြင်ပဒဏ်ရာများ မတွေ့ရကြောင်း၊ သေဆုံးနေသည်မှာ လေးရက်ခန့် ရှိနိုင်ပြီ ဖြစ်ကြောင်း လိုက်ပါကူညီသူများက ဆိုသည်။

ymg/mt
#Yangon_Media_Group