#LocalNews
Published_ 21 March 2023

ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကမန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၂၆x၇၇ လမ်းထောင့်ရှိ ကျုံးရေပြင်အတွင်းသို့ အမျိုးသား ၁ ဦး ကျူံရေထဲသို့ခုန်ချမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ 

ယင်းဖြစ်စဉ်ကို အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနဲ့ လူမှုကူညီရေးအသင်းသားများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာခဲ့ကြောင်း သိရသည်။ 

နံနက် ၆ နာရီခွဲတွင် ကျုံးရေပြင်အတွင်းခုန်ချသွားသူ၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့သဖြင့် စေတနာမေတ္တာဂရုဏာအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

"ရှာဖွေချိန် နာရီဝက်ကျော်လောက်မှာ သူခုန်ချတယ်လို့ပြောတဲ့နေရာနဲ့သိပ်မကွာတဲ့နေရာမှာတွေ့ခဲ့တာပါ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့ ဆေးရုံကြီးရင်ခွဲရုံကိုပို့ပေးခဲ့ပါတယ်"ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ymg/ppk
#မန္တလေးကျုံး
#ခုန်ချသေဆုံး
#Yangon-Media-Group