#Local_News
Published-18 March 2023

 

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံက ဂေါရခါးလူမျိုးတစ်ဦး ထိုင်းနိုင်ငံ၏ အမြင့်ဆုံးထီဆု ထိုင်းဘတ်ငွေ ၆သန်းကံထူးခဲ့ကြောင်း AAC-မဟာမိတ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

အဆိုပါ ဂေါ်ရခါး လူမျိုးမှာ ထိုင်းနိုင်ငံအလယ်ပိုင်းတွင် အလုပ်လုပ်နေသူ ဖြစ်ပြီး မတ်လ ၁၆ ရက်တွင် ထွက်ရှိခဲ့သည့် ထိုင်းထီဂဏန်း (025873) ခြောက်လုံးတူသဖြင့် ထိုင်းနိုင်ငံ၏အမြင့်ဆုံးဆု ထိုင်းဘတ် ငွေ ၆သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါထီကံထူးရှင်က ဆုငွေကို ထုတ်ယူရန် AAC-မဟာမိတ်အဖွဲ့ကို ချိတ်ဆက် အကူညီတောင်းလာသည့်အတွက် မတ်လ ၁၇ ရက်တွင် AAC-အဖွဲ့သားများက ထိုင်းအစိုးရမှ တရားဝင်ငွေထုတ်ပေးသောနေရာသို့ ခေါ်ဆောင်၍ ငွေထုတ်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/mt #Local_News #ထိုင်းထီအမြင့်ဆုံးဆုငွေကံထူး
#YMG #Yangon-Media-Group