#Local_News
Published-18 March 2023

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ငွေဘုံသာရွာ၊ သစ်တပွေရပ်ကွက်တွင် ပေ(၂၀၀)ခန့်အနက်ရှိချောက်ထဲသို့ ပြုတ်ကျခဲ့သူကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

 

မတ်လ ၁၇ ရက် ညနေ ၆နာရီ ၆မိနစ်အချိန်ခန့်က ချောက်ထဲသို့ လူတစ်ဦး ပြုတ်ကျကြောင်းသတင်းရရှိသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

သို့ဖြစ်ပါ၍ ညနေ ၆ နာရီ ၂၇ မိနစ်အချိန်တွင် အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး မိတ်ဆွေကောင်း ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရေနံချောင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/mt #Local_News #ရေနံချောင်း #ချောက်ထဲသို့ပြုတ်ကျ
#YMG #Yangon-Media-Group