#Local_News
Published_ 18 March 2023

 

ထိုင်းနိုင်ငံ၊ ချွန်ဘုရီခရိုင်၊ တမ်ဗွန်ဟွေးကပီမြို့နယ်တွင် မြန်မာနိုင်ငံသားဇနီးမောင်နှံစကားများရန်ဖြစ်ရာ ခင်ပွန်းဖြစ်သူကဇနီးဦးခေါင်းကို တူနှင့်ထုသတ်၍ သေဆုံးမှု တစ်ခု မတ်လ ၁၇ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် မသီတာဖြစ်ကြောင်း၊ ယင်းသတင်းကြောင့် ပရဟိတ လူမှုကယ်ဆယ်ရေးများက သွားရောက်ကယ်ဆယ်ရေးလုပ်ခဲ့ကြသော်လည်း ဦးခေါင်းကွဲအက်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းဇနီးမောင်နှံနေထိုင်သည့် ဆောက်လုပ်ရေးတန်းလျား အနီး သောက်သုံးပြီးသား ဘီယာဗူးခွံ ၄ လုံးတွေ့ရှိရကြောင်း၊ ခင်ပွန်းဖြစ်သူမှာ အသက် ၄၂ နှစ်အရွယ်နေထွန်းဆိုသူဖြစ်ပြီး ယခုအခါ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

 

"ဘာကြောင့် စကားများရန်ဖြစ်ကြတယ်ဆိုတာ မသိရှိရသေးဘူး၊ ဒီကို သူတို့ရောက်တာ ၂ ပတ်လောက်တော့ ရှိပြီ။ မသီတာရဲ့ ယောင်္ကျားက အရက်ကို အမြဲသောက်တယ်လို့တော့ သိရတယ်"ဟု ယင်းဇနီးမောင်နှံနှင့် နီးစပ်သူများပြောစကားကို ကိုးကား၍ ထိုင်းဒေသတွင်း သတင်းများတွင် ရေးသားကြသည်။

 

Photo- Thai News 23
#ymg/mt #Local_News #ထိုင်းနိုင်ငံ #ဇနီးမောင်နှံစကားများရန်ဖြစ် #ဦးခေါင်းကို တူနှင့်ထုသတ် #YMG #Yangon_Media_Group