#Local_News
Published_ 14 March 2023

ဧရာဝတီတိုင်းဒေသကြီးရှိ မြောင်းမြနှင့်ဇလွန်မြို့များတွင် မတ်လ(၁၄)ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရ သည်၊၊

 

မြောင်းမြမြို့တွင် ၂၀၁၁ ခုနှစ်မတ်လ ၁၇ ရက်က ၁.၄၂ လက်မဖြင့် မိုးရေချိန်စံချိန်တင်ခဲ့ပြီး စခန်းဖွင့်ချိန်မှနှစ်ပေါင်း(၄၇)နှစ်အကြာ ယခု ၂၀၂၃ ခုနှစ်မတ်လ (၁၄)ရက်၌ မိုးရေချိန်၄.၀၂လက်မဖြင့် မိုးရေချိန်စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်၊၊


ဇလွန်မြို့တွင်လည်း ၂၀၁၁ ခုနှစ်မတ်လ ၁၆ ရက်က ၁.၀၆ လက်မဖြင့် မိုးရေချိန်စံချိန်တင်ခဲ့ပြီး စခန်းဖွင့်ချိန်မှနှစ်ပေါင်း(၄၇)နှစ်အကြာ ယခု ၂၀၂၃ခုနှစ်မတ်လ (၁၄)ရက်၌ မိုးရေချိန်၂.၀၉လက်မဖြင့် မိုးရေချိန်စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်၊၊

 

မတ်လ (၁၉)ရက်မှ (၂၄)ရက်အထိ ဧရာဝတီတိုင်းအပါအဝင် ပဲခူးတိုင်း၊ရန်ကုန်တိုင်းနဲ့ဒေသအချို့မှာအချိန်အခါ မဟုတ်မိုးရွာသွန်းတာ၊မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာတွေရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ကို ထပ်မံထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်၊၊

 

#ymg/tthl #Local_News #မြောင်းမြနှင့်ဇလွန် #မိုးသည်းထန်
#YMG #Yangon_Media_Group