#Local_News
Published-14 March 2023

 

မတ်လ ၁၃ ရက်နေ့ ညနေ ၄နာရီချိန်ခန့်က ၊ မြိတ်မြို့နယ်ကျောက်ဖျာကျေးရွာရှင်ကဇိန်ဝင်းအတွင်း မြေဝင်ချသည့်ကား ဂျိုက်မချဘဲ ပြန်ထွက်လာရာ မုခ်ဦးနှင့်ငြှိပြီးပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဖြူစင်မေတ္တာအသင်းမှ သိရသည်။

 

"ကျောင်းထဲမှာလမ်းလုပ်နေတာ၊ မြေဝင်ချတဲ့ကားပါ၊ ပြန်အထွက်မှာ ဂျိုက်မချဘဲမောင်းထွက်လာတာ၊ မုခ်ဦးနဲ့ငြှိပြီး မုခ်ဦးပြိုကျတာ ပိပြီးသေတာပေါ့ဗျာ"ဟု ဖြူစင်မေတ္တာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦး ပြောသည်။

 

ဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူ ကျွန်းစုမြို့နယ် ၊ ကတ်တလူကျေးရွာနေ ချမ်းငြိမ်းအောင် (၂၅)နှစ် ခန့်မှာသေဆုံးခဲ့ပြီး ၊ ရုပ်အလောင်းအား ၅/100 ဆေးရုံသို့ ဖြူစင်မေတ္တာပရဟိတအသင်းမှကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#ymg/ppk #Local_News #မုခ်ဦးနှင့်ငြှိပြီးပြိုကျ #ယာဉ်မောင်းသေဆုံး #YMG #Yangon_Media_Group