#Local_News
Published-14 March 2023

 

နစကလက်ထက် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ရရှိထားသော လျပ်စစ်ကားများဆက်တိုက်တင်သွင်းလာရာ ယခုတစ်ပါတ်အတွင်းကားသစ် ၅၃ စီး ပြည်တွင်းသို့ရောက်ရှိလာကြောင်း သိရသည်။

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd. မှ တင်သွင်းလာ‌သော လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးနှင့် Grand SiriusCo.,Ltd. မှ တင်သွင်းလာ‌သော လျှပ်စစ်သုံးမော်တော်ယာဉ် (၃၈) စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၅၃) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

 

ယခင်လအတွင်း စတင်ကာနယ်စပ်နှင်ပင်လယ်ရေကြောင်း နှစ်ခုစလုံးမှလျှပ်စစ်ကားသစ်များ တင်သွင်းနေပြီး တင်သွင်းသည့်ကုမ္ပဏီများမှအားသွင်းနေရာများ ရန်ကုန်တွင် တည်ဆောက်နေကြောင်း သိရသည်။

 

#ymg/ppk #Local_News #လျှပ်စစ်သုံးမော်တော်ယာဉ် #ထပ်မံရောက်ရှိ #YMG #Yangon_Media_Group