#Local_News
Published_ 14 March 2023

 

အိန္ဒိယပညာရှင်များနှင့် ပူးပေါင်း၍ ပုဂံရှေးဟောင်းအဆောက်အအုံ(၅)ဆူနှင့် နံရံပန်းချီထိန်းသိမ်းရန် ဆွေးနွေးနေကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်၊၊

 

မတ်လ၁၃ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ၊ Archaeological Survey of India (ASI) ပညာရှင်အဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ အစည်းအဝေးခန်းမ၌ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း ဦးဆောင်သော ဒုတိယညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာဌာနစုများမှ အရာထမ်း၊ အမှုထမ်းများတွေ့ဆုံ၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်၊၊

 

ယင်းကဲ့သို့တွေ့ဆုံစဉ် ရှေးဟောင်းအဆောက်အအုံ (၅)ဆူအား အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီပိုင်းဆိုင်ရာကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မတ်လ (၁၄)ရက်မှစတင်၍ ဆောင်ရွက်နိုင်ရန်အတွက် အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရသည်၊၊

 

#ymg/tthl #Local_News #အိန္ဒိယပညာရှင် #ပုဂံရှေးဟောင်း #နံရံပန်းချီ #YMG
#Yangon_Media_Group