#Local_News
Published_ 14 March 2023

 

မတ်လ ၁၃ ရက်နေ့ည ၉ နာခန့်က ရန်ကုန်မြို့သမိုင်းဘူတာရုံလမ်းမပေါ်ရှိ သမိုင်းခုံးကျော်တံတားအဆင်းမှာ မော်တော်ယာဉ်နှစ်စီးတိုက်မူဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေရောင်သမိုင်းအသင်းမှ သိရသည်။

 

မော်တော်ယာဉ်နှစ်စီးတိုက်မှုကြောင့် တစ်စီးတိမ်းမှောက်သွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ ရွှေရောင်သမိုင်းအသင်း တာဝန်ခံက ပြောသည်။

 

ထိခိုက်မှုရှိခဲ့သည့်အမျိုးသားမှာ မစိုးရိမ်ရတဲ့အခြေနေမှာရှိကြောင်း ရန်ကုန်မြို့တွင် မောင်းနှင်သွားလာနေကြသည့် မော်တော်ယာဉ်များအနေဖြင့် ညပိုင်းမောင်းနှင်ကြပါက သတ်မှတ်အရှိန်ဖြင့်မောင်းနှင်ကြရန် အဆိုပါအသင်းတာဝန်ခံကတိုက်တွန်းထားပါသည်။

 

#ymg/ynzw #Local_News #သမိုင်းခုံးကျော်တံတား #ထိခိုက်ဒဏ်ရ
#YMG #Yangon_Media_Group