#Local_News
Published-1 March 2023

 

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၄၀ နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကျပ် ၁၇၂၅ သန်း ရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ အစည်းအဝေး မှတ်တမ်းများအရ သိရသည်။

 

ကိုဗစ်ကာလတွင်ရပ်နားခဲ့ရသည့် စက်ရုံအလုပ်ရုံများ၊ တည်ဆောက်ဆဲ စက်ရုံအလုပ်ရုံများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသွားရန်နှင့် စက်မှုဇုန်နယ်မြေများအလိုက် ကော်မတီများ ဖွဲ့စည်းသွားရန်၊ စက်မှုလုပ်ငန်းများတွင် အသုံးပြုမည့် ခွင့်ပြုဓာတုပစ္စည်းများအား လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးစနစ်တကျ သိုလှောင်သုံးစွဲရန် လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရသည်။

 

ပဲခူးတိုင်းဒေသကြီးတွင် စက်မှုဇုန် ၄ ခုရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၇၈၃ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မြန်မာကျပ်ငွေ ၇၅၂၃၅ ဒသမ ၇၇၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၈၄၅၈ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #ပဲခူးတိုင်းအတွင်း #နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
#အမေရိကန်ဒေါ်လာ #YMG #Yangon-Media-Group