Published 1 March 2023

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် လူသားချင်းညှာတာထောက်ထားခြင်းဆိုင်ရာ အကူအညီအမေရိကန်ဒေါ်လာသန်း၆၀ကျော်ထပ်မံပေးအပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ NHKသတင်းဌာနက သတင်းရေးသားပါတယ်။

မြန်မာနိုင်ငံနိုင်ငံအတွက် လူသားချင်းဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးခြင်းဟာ အရေးကြီးကိစ္စတစ်ခုဖြစ်တယ်လို့ ဂျပန်အစိုးရကပြောပါတယ်။

ဂျပန်အစိုးရဟာ အဆိုပါအကူအညီတွေ မြန်မာနိုင်ငံကိုပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနှင့် လက်တွဲလုပ်ဆောင်မယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။ အကူအညီတွေထဲမှာ အစားအသောက်၊ဆေးဝါးများအပြင် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး၊ကျန်းမာရေးဝန်ဆောင်မှုတွေနှင့် တရားမဝင်မူးယစ်ဆေးဝါးတားဆီးရေးအကောင်အထည်ဖော်ရေးတွေပါဝင်တယ်လို့သိရပါတယ်။

ဒုက္ခတွေကြုံတွေ့နေကြရတဲ့ မြန်မာပြည်သူတွေနှင့်အတူရပ်တည်ပြီး  အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာရာရှီယိုရှီမာဆာက ပြောပါတယ်။

Source:NHK

#မြန်မာ_ဂျပန်အကူအညီ

#လူသာချင်းစာနာထောက်ထားခြင်းအကူအညီ

#ဒေါ်လာသန်း၆၀ကျော်

#YangonMediaGroup