#Local_News
Published _1 March 2023

 

မြန်မာအများစုနေထိုင်သည့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်ရေလယ်ကျွန်းဈေးဆိုင်များကို ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းဒေသတွင်း မီဒီယာများက သိရသည်။

 

ယင်းနေရာတွင် ဆေးလိပ်နှင့်အရက်များ တရားမဝင်ရောင်းချနေကြောင်း မဲဆောက်ဒေသခံ ထိုင်းလူမျိုးများက မဲဆောက်ရဲစခန်းသို့ သတင်းပေးတိုင်ကြားခဲ့သည့်အတွက် အထက်ပါအတိုင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုင်းအာဏာပိုင်များဝင်ရောက်ဖမ်းဆီးခဲ့ရာတွင် ဆေးလိပ်နှင့်အရက်အမျိုးအစား (၁၅)မျိုး သိမ်းဆည်းရမိခဲ့ပြီး အရက်အမျိုးအစားအစုံ(၁၀)ပုလင်း၊ ဆေးလိပ်အမျိုးအစားအစုံ(၄၈၀) တောင့်တိုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း မဲဆောက်ရဲတပ်ဖွဲ၏ ထုတ်ပြန်သော သတင်းများကို အခြေခံကာ မဲဆောက်မီဒီယာများက ရေးသားထားကြသည်။

 

#ymg/mt #Local_News #မြန်မာအများစု #ထိုင်း-မြန်မာနှစ်နိုင်ငံ #ရေလယ်ကျွန်းဈေးဆိုင် #ထိုင်းအာဏာပိုင်များ #YMG#Yangon_Media_Group