#Local_News
Published_ 27 February 2023

 

အခုရက်ပိုင်းအတွင်း Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံနှင့်ရေဒီယိုထုတ်လွှင့်မှုများ အချိန်(၁)မိနစ်မှ(၁၈) မိနစ်အထိ ယာယီပြတ်တောက်နိုင်ကြောင်း သိရသည်၊၊

 

Sun Outage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြုပြီး မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားက ထုတ်လွှင့်နေသည့်TV Channel များနှင့် ရေဒီယို အစီအစဉ်များသည်မတ်လ (၆)ရက်မှ (၁၇)ရက်အထိနေ့စဉ် တစ်မိနစ်ကနေ (၁၈)မိနစ်လောက်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ်နိုင်သည်ဟု နိုင်ငံပိုင်သတင်းစာ၌ ထုတ်ပြန်ထားသည်၊၊

 

နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ဂြိုဟ်တုက ပေးပို့ထုတ်လွှင့်နေသည့်အရုပ်/အသံ အချက်အလက်များ ခေတ္တ ယာယီပြတ်တောက်မှုများဖြစ်ပေါ်ခြင်းဖြစ်သည်၊၊


Sun Outage ဖြစ်စဉ်သည် နှစ်စဉ်ကြုံတွေ့ ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လမှာ တစ်ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် တစ်ကြိမ် ကြုံတွေ့ရကြောင်းဖော်ပြထားသည်၊၊

 

ယင်းဖြစ်စဉ်သည် ထုတ်လွှင့်သည့်ဂြိုဟ်တု၊ ဖမ်းယူတဲ့TVRO (စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ် မူတည်ပြီး Sun Outage ဖြစ်သည့်အချိန်နှင့် Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိကြောင်းသိရသည်၊၊

 

#ymg/tthl #ရုပ်သံနှင့်ရေဒီယို # ထုတ်လွှင့်သည့်ဂြိုဟ်တု #Signal #အချိန်ပိုင်းပြတ်တောက်နိုင် #Sun Outage #YMG #Yangon_Media_Group