#Local_News
Published-25 February 2023

 

ဖိလစ်ပိုင်နိုင်ငံအတွင်း လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား များထဲမှ ၁၄ ဦး ပြည်တွင်းသို့ ပြန်ရောက်ခဲ့ကြကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။

 

လူကုန်ကူးခံရသူ ၂၁ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်ဆယ်ထားပြီး ဖေဖော်ဝါရီလ ၁၅ ရက်တွင် ၄ ဦး ပြန်လည် ပို့ဆောင်ခဲ့ကာ ဖေဖော်ဝါရီလ ၂၄ ရက်က ၁၀ ဦး ထပ်မံ ပို့ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း၊နောက်ထပ် ၇ ဦး ကျန်နေသေးပြီး မကြာမီ ပြန်လာ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း အဆိုပါ သံရုံးက ထုတ်ပြန်ထားသည်။

 

ယင်းလူကုန်ကူးခံရသူများမှာ ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများတွင် အလုပ်လုပ်ရန် လာရောက်ကြသူများ ဖြစ်ပြီး ယင်းက တစ်ဆင့် လူကုန်ကူးခံရကာ လုပ်ငန်းခွင်အတွင်း အဓမ္မခိုင်းစေခံခဲ့ကြရကြောင်းလည်း သိရသည်။

 

လူကုန်ကူးခံရသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဝန်ကြီးဌာနအောက်ရှိ Inter-Agency Council Against Trafficking (IACAT)ဌာန အပါအဝင် သက်ဆိုင်ရာဌာနများ၊ International Organization for Migration (IOM) ၊ International Justice Mission တို့ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

#ymg/mt #Local_News #ဖိလစ်ပိုင်နိုင်ငံ #လူကုန်ကူးခံခဲ့ရ #YMG
#Yangon_Media_Group