#Local_News
Published- 25 February 2023

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမရှိတော့၍ မင်းပြားမြို့နယ်၊ တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်နေကြသည့် အိမ်ထောင်စု ၅၈၈ စု၊ လူဦးရေ ကျား ၁၀၀၈ ဦး၊ မ ၁၃၃၅ ဦး၊ ပေါင်း ၂၃၄၃ ဦးတို့ ဖေဖော်ဝါရီလ ၂၃ ရက်က နေရပ်ပြန်ကြပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

 

အဆိုပါ တိုက်ပွဲရှောင်များအား ပြည်နယ်အစိုးရက အိမ်ထောင်စုတစ်စုလျှင် ၅၀၀၀၀၀ ကျပ်နှုန်းဖြင့် ၂၉၄၀၀၀၀၀၀ ကျပ်၊ လူဦးရေ ၂၃၄၃ ဦးတို့အတွက် လူတစ်ဦးလျှင် ၁ ရက် ဆန် ၂ ဗူး နှုန်း ( တစ်ဗူးလျှင် ၁၅၀ ကျပ်နှုန်းဖြင့် တစ်ရက် ၃၀၀ ကျပ်၊ တစ်လ ၉၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၂၁၀၈၇၀၀၀ ကျပ် )ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းကို မင်းပြားမြို့၊ ရာမောင်ခန်းမ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လိုက်ပါပို့ဆောင်ရာတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ဌာနဆိုင်ရာများလည်း ပါဝင်ကြောင်း သိရသည်။

 

#ymg/mt #Local_News #မင်းပြား #တိုက်ပွဲရှောင်
#YMG #Yangon_Media_Group