#Local_News
Published-25 February 2023

 

မလေးရှားနိုင်ငံသို့သွားမည့် မြန်မာ ၁၀၀ ကျော်ကို ၁၀ ဘီးကားကြီးအတွင်း ဖေဖော်ဝါရီလ ၂၄ ရက်က ထိုင်း-မလေးရှားနယ်စပ်အနီးတွင် ဖမ်းဆီးမိကြောင်း သိရသည်။

 

ထိုင်း-မြန်မာ နယ်စပ်ပကျွတ်ခီရီခန်ခရိုင်က တစ်ဆင့်ဝင်ရောက်လာကာ ယင်း ၁၀ ဘီးကားဖြင့် မြန်မာနိုင်ငံသား ၁၀၁ ဦး တင်ဆောင်ကာ ထိုင်း-မလေးရှားနယ်စပ်စဒေါင်မြို့နယ် လမ်းကြောင်းသို့ ဦးတည်လာရာ ထွန်တမ်စောင်မြို့နယ် ဟတ်ယိုင် စုံခလာခရိုင် စစ်ဆေးရေးဂိတ်အရောက်တွင် ဒေသခံများကမသင်္ကာ၍ တိုင်ကြားရာမှ စစ်ဆေးဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း သတင်းများအရ သိရသည်။

 

#ymg/mt #Local_News #မလေးရှား #၁၀ဘီးကား #YMG
#Yangon_Media_Group