#Local_News
Published-25 February 2023

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တောင်ရပ်ကွက်အတွင်းရှိ နောင်ဘိုကန် သာယာလှပရေး လုပ်ငန်းများအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၃၅၀ ဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(တောင်ပိုင်း)ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ကွပ်ကဲ၍ ကန်အတွင်းနံရံဘက်တွင် ကျောက်ရိုးစီမြေကာ နံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အများပြည်သူ အပန်းဖြေနေရာ၊ ကန်ပတ်လမ်း တစ်လျှောက်တွင်လည်း ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရန် နေရာတစ်ခုအနေဖြင့် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။

 

ယင်းအပြင် ကန်ရေကြောင့် ကန်အနီးသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေကာ နွေရာသီရေရှားပါးချိန်တွင် မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအတွက်လည်း အကျိုးပြုစေမည်ဖြစ်ကြောင်း၊ ကန်အတွင်းရေသိုလှောင်မှု ပမာဏများပြားကာ ကန်အနီး လူနေအိမ်များရှိ ရေတွင်းများအတွက်လည်း မြေအောက်ရေကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #ဟိုပုံးမြို့ #နောင်ဘိုကန်
#YMG #Yangon_Media_Group