#Local_News
Published-25 February 2023

 

YBS ယာဉ်များ CNG ဓာတ်ငွေ့သီးသန့်ဖြည့်တင်းရန် တင်ပြထားမှုအပေါ် MOGE ဘက် မှ အဆင်မပြေဟု ပြန်လည်အကြောင်းကြားလာကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

 

CNG အခက်အခဲကြောင့် YBS ယာဉ်များ ပုံမှန်ပြေးဆွဲမှုလျော့နည်းလာရခြင်းနှင့်ကြန့်ကြာမှုကို ဖြေရှင်းနိုင်ရန် YRTC အနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

"CNG ဆိုင်ပေါင်း ၄၂ဆိုင်ရှိတယ်။ ဒီထဲက ၃၂ဆိုင်မှာ YBS ယာဉ်တွေ သီးသန့်ဖြည့်နိုင်ဖို့တင်ပြတာ MOGE ဘက်က အဆင်မပြေဘူးလို့ပြောတယ်။ YBSယာဉ်တွေ သီးသန့်ဖြည့်တာက ဆိုင်၂၀ လောက်ပဲရှိတယ်"ဟု ဦးလျန်ကျင့်မန်က ဆိုသည်။

 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBSယာဉ်အစီးရေ ၅၇၅၈ စီးတွင် CNG အသုံးပြုပြေးဆွဲနေသည့် အစီးရေ ၅၀၅၈ စီးရှိပြီး YRTC အနေဖြင့်လျှပ်စစ် မီးပြတ်တောက်မှုနှင့် ဂတ်စ်ဖြည့်စဉ် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရသည့် အတွက် YBS ယာဉ်များ ပြေးဆွဲမှုလျော့နည်းလာခြင်းဖြစ်သည်။

 

လက်ရှိတွင် ရန်ကုန်မြို့တွင်းYBS ယာဉ်လိုင်း ၁၁၇လိုင်းမှ ယာဉ်အစီးရေ ၃၀၀၀ ကျော်ဖြင့် ခရီးသည် ၁၃သိန်းကျော်ကို ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

 

#ymg/mt #Local_News #YBS #CNG #MOGE #YMG
#Yangon- Media -Group