#Local_News
Published_ 21 February 2023

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံရေပိုင်နက်အတွင်း ငါးခိုးဖမ်းနေသည့် ဘင်္ဂါလီ ၃ ဦးကို ဖမ်းမိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

 

ယင်းတို့ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ နတ်မြစ်(မြန်မာရေပိုင်နက်)ဖြစ်သော မင်္ဂလာကြီးချောင်းဝ နယ်ခြားစောင့်ရဲကင်းစခန်း၏ ခြံစည်းရိုးအပြင်ဘက်၊ နတ်မြစ်(မြန်မာရေပိုင်နက်)အတွင်း လောင်းလှေနှင့်အတူ ဖေဖော်ဝါရီလ၂၀ ရက် နံနက် ၁ နာရီခန့်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဖမ်းခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်ရှိ ကျေးရွာများမှ ဂျူဘိုင်(၂၁)နှစ်၊ (ဘ)အဒူဇော်လီ၊ မာမတ်ဆော်လိမ်(၂၅)နှစ်၊ (ဘ)အာမာနူရ်လာ၊ လာမီယာ (၃၅)နှစ်၊ (ဘ)ရှော့အာလိမ်တို့ ၃ ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့သည်နတ်မြစ်အတွင်း ငါးရှာဖွေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာပ်ဖ်မြို့နယ်၊ နတ်တောင်ဆိပ်ကမ်းမှ လောင်းလှေဖြင့် ထွက်ခွာလာပြီး မြန်မာနိုင်ငံရေပိုင်နက်အတွင်း ဝင်ရောက်၍ ငါးခိုးဖမ်းနေခြင်းဖြစ်ကြောင်း သိရှိရ၍ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လဝကအက်ဥပဒေပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group