#Local_News
Published_ 20 February 2023

 

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ဝင်များ
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ခဲ့ကြောင်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်၊၊

 

ဖေဖော်ဝါရီလ(၂၀)ရက်နေ့လယ်ပိုင်းကထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ ONCB မှ အတွင်း ရေးမှူးချုပ် Mr.Wichai Chaimongkom ဦးဆောင်သော ကိုယ်စားလှယ် ( ၁၇) ဦးတို့လာရောက်ဖူးမြော်ခဲ့ခြင်းဖြစ်သည်၊၊

 

အဆိုပါအဖွဲ့သည် ဗိုလ်တထောင်စေတီတော်ကြီးရှိဗုဒ္ဓဆံတော်မြတ် ၊ နန်းဦးဘုရားကြီး၊ ရောဟဏီဘိုးဘိုးကြီး နှင့် အစ်မတော်မြနန်းနွယ် တို့အား ပန်း၊ရေချမ်း၊ဆီမီး နှင့် အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်ပုံများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group