#Local_News
Published_ 20 February 2023

 

ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာအုပ်စု၊ ဂျိုးကန်ကျေးရွာတွင်လူနေအိမ်(၁၆)လုံးမီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်ပြည်သူ(၆၃)ဦးရှိကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်၊၊

 

ဖေဖော်ဝါရီ(၁၉)ရက်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးဘေးဒုက္ခသည်များအနေဖြင့် ကျားကြီး (၁၇) ဦး၊ ကျားလေး (၅)ဦး၊ မကြီး (၃၁) ဦး၊ မငယ် (၁၀) ဦး ၊ စုစုပေါင်း (၆၃) ဦးဘေးဒုက္ခသင့်ခဲ့ပြီး အဆိုပါ မီးဘေးဒုက္ခသည်များအား ကျေးရွာအတွင်းရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ယာယီရွှေ့ပြောင်းထားရှိပြီးဖြစ်ကြောင်း သိရသည်၊၊

 

ဖြစ်စဥ်မှာ (၁၆)ပေပတ်လည်ထန်းရွက်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ်တွင် လူစောင့်မရှိပဲ ထမင်းအိုးတည်ထားခဲ့ရာမှ အနီးရှိ မီးဖိုထန်းလက်အကာသို့ စတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းမှတစ်ဆင့် ပတ်ဝန်းကျင်ရှိ (၁၆)ပေပတ်လည် ထန်းရွက်မိုး၊ ဝါးထရံကာ မြေစိုက်လူနေအိမ်( ၂) လုံး၊ (၁၆)ပေပတ်လည် သွပ်မိုး၊ ဝါးထံကာ၊ မြေစိုက် လူနေအိမ် ၁ လုံး၊ (၂၄)ပေပတ်လည် သွပ်မိုး၊ ဝါးထရံကာ၊ (၂ )ထပ်လူနေအိမ် (၁၁)လုံး၊ (၁၆) ပေပတ်လည်၊ သွပ်မိုး၊ ဝါးထရံကာ၊ (၂)ထပ်လူနေအိမ် (၁ )လုံး၊ စုစုပေါင်းလူနေအိမ် (၁၆)လုံးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်၊၊

 

မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့များမှ ရေဂါလံ ၂၈၈၀၀ခန့်အသုံးပြု၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group