#LocalNews
Published_ 19 February 2023

 

ထိုင်းနိုင်ငံ၊ထိုင်းနိုင်ငံ၊ရနောင်းခရိုင်၊ကရဘူရီမြို့နယ်တွင် အထောက်အထားမဲ့မြန်မာ ၈ ဦးနှင့် ယင်းတို့ကို လာကြိုသူ မြန်မာ တစ်ဦး ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်အစောပိုင်းက အဖမ်းခံရကြောင်း သိရသည်။

 

အဆိုပါ မြန်မာများက ကော့သောင်းမြို့ဘက်မှဝင်ရောက်လာကြရာ ရနောင်းခရိုင်၊ကရဘူရီမြို့နယ်၊မမုကျေးရွာတွင် ကင်းလှည့်နေသည့်ထိုင်းတပ်မတော်နှင့် ဆုံရာမှ အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း၊ရနောင်းကမ်းစပ်အနီး ကင်းလှည့်နေသည့် ထိုင်းမတော်သားများက စက်လှေသံကြားသဖြင့်စောင့်ကြည့်နေစဉ် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများမှာ ကမ်းစပ်မှတဆင့်လာကြိုသည့် ပစ်ကပ်ကားပေါ်သို့တက်နေစဉ် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

 

အဖမ်းခံရသော အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား မြန်မာနိုင်ငံသား မောင်သီဆိုသူက စ်ကပ်ကားဖြင့်လာရောက်ကြိုခဲ့ကြောင်း၊ကနဦး စစ်ဆေးချက်အရ မော်လမြိုင်မြို့မှ ထိုင်းနိုင်ငံ၊ဖူးကစ်မြို့တွင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်းနှင့် ပွဲစားခ တစ်ဦးလျင် ဘတ် ၁၅၀၀၀ ပေးချေခဲ့ရကြောင်း သိရသည်။

 

လက်ရှိတွင် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ရနောင်ခရိုင်၊ ပါက်ကျန်ရဲစခန်းသို့‌ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group