#LocalNews
Published_ 19 February 2023

 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း နစက ဆန့်ကျင်အဖွဲ့က ခရီးသည်တင်မော်တော်ယာဉ် ၁ စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ခရီးသွားပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်က ဦးမင်းမင်းချမ်း မောင်းနှင်ပြီး ခရီးသည် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး တို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ကော့သောင်းမြို့မှ မြိတ်မြို့ သို့ ထွက်ခွာလာခဲ့ရာ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာနှင့် ခဲချောင်းကျေးရွာလမ်းဆုံသို့ အရောက်တွင် အထက်ပါအတိုင်း ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသမီး ၁ ဦးနှင့် အသက် ၉ နှစ်အရွယ် ယောက်ျာလေး ၁ ဦးတို့တွင် လက်နက်ငယ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ymg/mt

#Yangon_Media_Group