#Local_News
Published_ 17 February 2023

 

အကြီးစားစက်မှုလုပ်ငန်းလေးခုတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ရုရှား ဆွေးနွေးခဲ့ကြကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ SMM ကုမ္ပဏီမှ အပြည်ပြည်ဆိုင်ရာစီမံကိန်းဌာနအကြီးအကဲ Mr. Roman Siurin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီလ ၁၆ ရက်က စက်မှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

 

ဆွေးနွေးရာတွင် စက်မှုဝန်ကြီးဌာနရှိ အကြီးစားစက်မှုလုပ်ငန်းလေးခုဖြစ်သော ဆိပ်ကမ်းများ၊ သယ်ယူပို့ဆောင်ရေးဂိတ်များ၊ သင်္ဘောကျင်းများနှင့် စက်မှုလုပ်ငန်းများတွင် ရုရှားနိုင်ငံမှ ကုမ္ပဏီများ လာရောက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဖြစ်သည့် ဝန်တင် ဝန်ချ အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ SMM ကုမ္ပဏီ၏ ထုတ်ကုန်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group