#Local_News
Published_ 17 February 2023

 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၆ နာရီ ကျော်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၄ လုံး မီးလောင်ပြီး အသက်ကြီးအမျိုးသမီးတစ်ယောက် သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က သိရသည်။

 

အဆိုပါ မီးလောင်မှုမှာ၂ ထပ်ပျဉ်ထောင်အိမ်တစ်လုံးက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားနေအိမ်များကို ထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်မှ အိမ်ရှင်အမျိုးသမီးမှာ မီးခိုးမွှန်ပြီးသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှု ဖြစ်ပွားရာနေရာသို မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲက Level 2 မီးသတ်ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group