#Local_News
Published_ 15 February 2023

 

လာမယ့်နှစ်ရက်အတွင်း နေပြည်တော် ရန်ကုန် မန္တလေး ကရင်ပြည်နယ် ဧရာဝတီတိုင်း စတဲ့မြို့ကြီးတွေမှာ နေရာကွက်ကြားကနေ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဘဂ်လားပင်လယ်အော် တောင်ပိုင်းနဲ့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ တိမ်အနည်းငယ်မှ တိမ်အတင့်သင့်ဖြစ်ထွန်းနေပြီး ကျန်ဘဂ်လားပင်လယ်အော်တို့မှာ အများအားဖြင့် သာယာနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဖေဖော်ဝါရီလ ၁၅ ကကြေညာထားပါတယ်။ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ဒီနေ့ညနေအထိခန့်မှန်းချက်အရ နေရာကွက်ကြား မိုးအနည်းငယ်ထစ်ချုန်းရွာနိုငိပြီးရွာရန်ရာနှုန်း ၆၀ ရှိတယ်လို့လည်း ကြေညာထားပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့က မြန်မာနိုင်ငံအတွင်းမှာ အချိန်အခါမဟုတ် မိုးရွာမယ်လို့ မိုးဇလကထုတ်ပြန်ထားပါသေးတယ်။ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုကြရန် သတိပေးချက်ထားပါတယ်။

 

#ymg/ynzw
#Yangon_Media_Group