#LocalNews
Published-15_February-2023

 

ကိုရီးယားသမ္မတနိုင်ငံသို့ ပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၉ ဦးကို ဖေဖော်ဝါရီလ ၁၄ ရက်က စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးကသိရသည်။

 

EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၉၄ဦး၊ CBT ကုန်ထုတ်လုပ်သား ၈ဦး၊ စိုက်ပျိုးမွေးမြူရေးလုပ် သားသစ် ၄၇ ဦး၊ စုစုပေါင်း ၁၄၉ဦးကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရန်ကုန်မြို့မှ အင်းချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

 

ယင်းတို့ကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိ က ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်
သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၉ ရက်ကလည်း EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၁ဦး၊ Re-entry စိုက်ပျိုး‌မွေး
မြူရေးလုပ်သား ၁၀ဦး စုစု ပေါင်း ၅၁ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။

 

#ymg/mt

#Yangon Media Group