#LocalNews
Published_ 15 February 2023

 

နေပြည်တော်၊သပြေကုန်းဈေး၌ တည်ဆောက်မည့် EV Charger 60KW ငါးစုံ ရောက်ရှိပြီဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက သိရသည်။

 

ယင်းကို N.P.K Motors Co., Ltd. က တရုတ်နိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီလ ၁၁ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရောက်ရှိလာသော EV Charger များကို အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd တို့ကတင်သွင်းခဲ့ကြသော လျှပ်စစ်ကားများထဲမှ နေပြည်တော်ကောင်စီနယ်မြေ၊သပြေကုန်းဈေးကိုအခြေပြု၍ လျှပ်စစ်တက္ကစီကား ၁၀ စီးပြေးဆွဲမည် ဖြစ်သည့်အတွက် သပြေကုန်းဈေးအနီးတွင် NPK Motors Co., Ltd က Charging Station တစ်ခုတည်ဆောက်နေခြင်းလည်းဖြစ်ကြောင်း သိရသည်။

 

ymg/mt

#Yangon_Media_Group