#Local_News
Published_ 13 February 2023

 

ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျ၍ မြန်မာ ၃ ဦး ဒဏ်ရာရသွားကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

 

ဘန်ကောက်မြို့၊ထနွန်ကံဖဲင်န်ဖစ်လမ်း ၇- ဗန်ကပိရပ် ဟွေးခဝမ် တွင် မြန်မာအများစုပါဝင်ကာ အလုပ်သမား ၁၃၀ ဦး ခန့် လုပ်ကိုင်နေသည့် ၄ ထပ်တိုက် ၁၀ လုံး တည်ဆောက်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အဆောက်အအုံပြိုကျ၍ မြန်မာအမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် အဆိုပါ ဒဏ်ရာရသည့် အလုပ်သမားများအား ဆေးရုံတွင် ဆေးကုသမှုခံယူနေကြကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group