#Local_News
Published_ 12 February 2023

 

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာကြရောက်တဲ့ ၇၆ နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့တဲ့ သဝဏ်လွှာမှာ နစက ဥက္ကကပြောကြားခဲ့တာဖြစ်ပါတယ်။တိုင်းရင်းသားလက်နက်အဖွဲ့တွေအနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်မှာတစ်ဆင့် လက်နက်ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောက်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိစေဖို့အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူချုပ်တွေအတိုင်း အလေးထားလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ အရေးပေါ်ကာလပြဠာန်းချက်တွေပြီးစီးပါက အထွေထွေရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံနူန်းများနဲ့အညီ နိုင်ငံအာဏာလွှဲအပ်နိုင်ရေးဆောင်ရွက်သွားဖြစ်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းနှစ်အဖြစ်သတ်မှတ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဆွေနွေးပြီး ပြည်တွင်းပဋိပက္ခချုပ်ငြိမ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးဆောက်ရွက်ခဲ့ပေမယ့်ပြည်တွင်းပြည်ပစွက်ဖက်မူတွေကြောင့် အလှမ်းကွာနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပေါ် လျှောက်လှမ်းနိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ တစ်ဖက်သတ်အပစ်ခတ်ရပ်စဲပေးထားခဲ့ပါတယ်။

 

ymg/ynzw
#Yangon_Media _Group