#Local_News
Published_ 11 February 2023

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီးရှိ သံကူကွန်ကရစ် တံတားတစ်စင်းကို နစက ဆန့်ကျင် ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သရသည်။

 

ဖေဖော်ဝါရီလ ၉ ရက် ညနေ ၃ နာရီခန့်က ညောင်လေးပင်မြို့နယ်၊ ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားရှိ သံကူကွန်ကရစ်အမျိုးအစား(ဒေသအခေါ်)တောင်ဘို့ ၃ လုံးတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သောကြောင့် တံတား၏ အရှေ့ဘက်လက်ရမ်းနှင့်ကြမ်းခင်းတို့တွင် အလျား ၂၅ ပေ၊ အနံ ၁၀ ခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

 

ယခုအခါ ပျက်စီးသွားသည့် တံတားကို ပြန်လည်အသုံးပြုနိုင်ရေး တာဝန်ရှိသူများက ပြင်ဆင်လျက်ရှိကြောင်းနှင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးလုပ်ဆောင်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

#ymg/mt
#Yangon_Media_Group