#Local_News
Published_ 27 January 2023

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်ခန့်က ပစ္စည်းတင် ဘောက်စ်(Box) ကား (၁)စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း"ရွှေရောင်သမိုင်း" ပရဟိတအသင်းက သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် လူအထိအခိုက်မရှိကြောင်း ယင်းအသင်း၏ တာဝန်ရှိသူက ပြောသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း၊ ကားတစ်စီးလုံး ပျက်စီးသွားကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group