#Local_News
Published_25 Jan 2023

 

ရှမ်းပြည်နယ်လားရှိုးခရိုင်၊ သိန်းနီ-ကွမ်းလုံပြည်ထောင်စုလမ်းမကြီးတွင် ကားတိုက်မှုဖြစ်ပွားပြီး ကားမီးလောင်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၄ ရက် ည၈နာရီ ၂၀ မိနစ်က ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန်းနီမြို့နယ်၊ နမ့်စလပ်ကျေးရွာအုပ်စု၊ သိန်းနီ-ကွမ်းလုံပြည်ထောင်စုလမ်းမကြီး၊ ၁၆ မိုင် ၇ ဖာလုံအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ကားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ယာဉ်တိုက်မှုကြောင့်ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး အနက် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ၊ အမျိုးသမီး (၁)ဦး (သေဆုံး) တို့ကို သိန်းနီမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကသိရသည်။

 

အဆိုပါကားမီးလောင်မှုကို သိန်းနီမြို့နယ်မီးသတ်စခန်းမှ Foam (အမြှုပ်ဆေးရည်) မီးငြှိမ်းသတ်ယာဉ် (၁)စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့၍ ည ၉ နာရီကျော်တွင် ကယ်ဆယ်ရေးလုပ်ငန်းများပြီးစီးခဲ့ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group