#Local_News
Published_ 25 January 2023

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၃)ရပ်ကွက်၊ စိန်ပန်းမြိုင် (၁)လမ်း လူနေနှစ်ထပ်အိမ်တွင် မီးလောင်မှုဖြစ်ပွားပြီး လူ(၄)ဦး သေဆုံးသွားကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းထံမှ သိရသည်၊၊

 

ကျား( ၁ ဦး)၊ မ (၃ဦး)သေဆုံးပြီး သေဆုံးသူမ(၁)ဦးသည် သူနာပြုဆရာမလေးဖြစ်ကာ မီးလောင်အိမ်အတွင်း ပိတ်မိပြီး သေဆုံးရခြင်းဖြစ်သည်ဟု အသင်းမှ ဖော်ပြထားသည်၊၊

 

ဇန်နဝါရီလ(၂၅)ရက် မနက် ၂ နာရီ ၂၂ မိနစ်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မနက် ၂ နာရီ ၅၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

#ymg/tthl
#Yangon_Media_Group