#Local_News
Published_24 January 2023

 

မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်- မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားကို ယခုဇန်နဝါရီလအတွင်း ပြန်ဖွင့်နိုင်ရန် သဘောထားတောင်းခံထားကြောင်း နစက တာဝန်ရှိသူက ပြောသည်။

 

တံတားကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားစာပေးပို့ခဲ့ပြီးနောက် ပြည်နယ်အစိုးရက သက်ဆိုင်ရာဌာနများကို သဘောထားတောင်းခံထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

"ထိုင်းဖက်ကတော့ အဆင်သင့် ဖြစ်နေပြီပေါ့လေ။ ဒါကြောင့် ပြန်ဖွင့်ဖို့ သဘောထား မှတ်ချက်တောင်းတာ။ ကျွန်တော်တို့ကလည်း သဘောထားပေးထားတယ်။ ပြန်ဖွင့်ရင်တော့ အစစအရာရာ လွယ်ကူချောမွေ့အဆင်ပြေမယ်ဆိုပြီးတော့ပေါ့။ စီးပွားရေး၊ ကျန်းမာရေး စသဖြင့်ပေါ့" ဟု အဆိုပါ တာဝန်ရှိသူက YMG ကို ပြောသည်။

 

ကိုဗစ် ကပ်ရောဂါကြောင့် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတား ပိတ်ထားရသည်မှာ ၃ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group