#Local_News
Published_ 24 January 2023

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) (၁၁၇) နှစ်ပြည့်ပွဲတော်ကိုဇန်နဝါရီလ(၂၇)ရက်မှ(၂၉) ရက်အထိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

ရန်ကုန်မြို့ရှိ သမိုင်းဝင် အထင်ကရ‌နေရာ တစ်ခုဖြစ်သည့်တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ဖွင့်လှစ်ခဲ့သည်မှာ ဇန်နဝါရီလ(၂၅)ရက်တွင်(၁၁၇) နှစ်ပြည့်ပြီဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) (၁၁၇)နှစ်ပြည့်ပွဲတော်ရက်ကို ဇန်နဝါရီလ(၂၇)ရက်မှ(၂၉)ရက် အထိ ပျော်ရွှင်စရာအစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်၊၊

 

ပွဲတော်အစီအစဉ်များအဖြစ် Animal Show ၊ Magic Show၊ တိရစ္ဆာန်လိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်မည့်အစီအစဉ်၊ Music & Performance ၊ သားသားမီးမီးတို့အကြိုက် ဂိမ်းအစီအစဉ်များ၊ လက်ဆောင်များရယူနိုင်မည့် အမေးအဖြေကဏ္ဍများအပြင် ဈေးရောင်းပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group