#Local_News
Published_ 17 January 2023

 

နာဂဒေသ လဟယ်မြို့ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓ သာသနာပြု သီလရှင်ကျောင်းတို့တွင် လှူဖွယ်ပစ္စည်းများကို နစက ဥက္ကဌက ဇန်နဝါရီလ ၁၆ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် သဒ္ဒမ္မဇောတိကဓက ဘဒ္ဒန္တသုမန အမှူးပြုသည့် သံဃာ တော်များအား ဖူးမြော်ကြည်ညိုကာ သာသနာတော် ထွန်းကား ပြန့်ပွား ရေးဆိုင်ရာများ၊ ကလေးငယ်များပညာသင်ကြားရေး ဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းလျှောက်ထားပြီး နဝကမ္မအလှူတော်ငွေများ၊ ဆွမ်းဆန် တော်၊ ဆီနှင့် စားသောက်ဖွယ်ရာပစ္စည်းများနှင့် လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓ သာသနာ ပြု(ဗဟို) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမ များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းသို့ ရောက်ရှိကြပြီး သာသနာနွယ်ဝင် သီလရှင်ဆရာကြီး ဒေါ်ပညာသိင်္ဂီနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများကို ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ၊ ပညာသင်ကြားရေးဆိုင်ရာများနှင့် သီလရှင်ကျောင်းအတွက် လိုအပ်ချက်များကို မေးမြန်းလျှောက်ထားကာ နဝကမ္မအလှူတော်ငွေများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ သီလရှင်ဝတ်စုံများကို ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group