#Local_News
Published_17 January 2023

 

တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၃၀ ကျော်ကို ယနေ့ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့၊ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

 

ယနေ့(ဇန်နဝါရီလ ၁၇ ရက်) တွင် ကုန်ထုတ်လုပ်သားသစ် (၈၃) ဦး၊ CBT ကုန်ထုတ်လုပ်သား (၅) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၄၅) ဦး၊ Re-entry စိုက်ပျိုး၊ မွေးမြူရေးလုပ်သား (၃) ဦး၊ စုစုပေါင်း (၁၃၆) ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။

 

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး၊ မွေးမြူရေးလုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံးစေလွှတ်ထားပြီး လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။

 

တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်ရန်အတွက် EPS စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်တွင် ၆၀၀၀ ကျော်အောင်မြင်ထားကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group