#Local_News
​Published_ 16 January 2023

 

​ရွှေတိဂုံစေတီတော်မှ ၂၀၂၃ခုနှစ်အတွင်းရွှေချလုပ် ငန်းအတွက် ၂"×၂" အရွယ်ရွှေရာဆိုင်း စုစုပေါင်း (၂၄၀၀၀)ဝယ်ယူရန် ဈေးပြိုင်တင်ဒါခေါ်ယူထား ကြောင်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ
သိရသည်၊၊

 

အဆိုပါ ရွှေဆိုင်းများတွင် စက်မှုရွှေ(၁၀၀၀၀)ဆိုင်းနဲ့ မြန်မာ့ရိုးရာလက်မှုရွှေ(၁၄၀၀၀)ဆိုင်းကို ဈေးပြိုင် တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်သည်၊၊

 

မြန်မာ့ရိုးရာလက်မှု ရွှေတင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ(၁၄)ရက်တွင် နေ့လယ်(၁)နာရီတွင် ရွှေတိဂုံရှိရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှုရွှေတင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းကို ဖေဖော် ဝါရီလ(၁၄)ရက်တွင် နေ့လယ်(၃)နာရီတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်အသေးစိတ်သိလိုသူများ ဖုန်း၈၃၈၃၅၁၂သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group