#Local_News
Published_ 16  January 2023

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဆရာဝန် အယောက် ၂၀၀ ကိုခန့်အပ်ရန် လျှောက်လွှာများ ခေါ်ယူထားကြောင်း သိရသည်။

 

ဆရာဝန်(သစ်လွင်)၁၈၀ ဦး နှင့် သွားနှင့် ခံတွင်းဆရာဝန် ၂၀ ဦး ကို ခန့်အပ်သွားရန်ရှိပြီး လျှောက်ထားသူတွေသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် အသက် ၃၅ နှစ်ထက် ကျော်လွန်သူမဖြစ်ရကြောင်း သိရသည်။

 

လျှောက်ထားလိုသူတွေအနေဖြင့် သက်ဆိုင်ရာဘွဲ့လက်မှတ်တွေအပါအဝင် မြန်မာနိုင်ငံဆေးကောင်စီအသိအမှတ်ပြု လိုင်စင်ကို ကိုင်ဆောင်ထားသူဖြစ်ရန်လိုအပ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

 

ယင်းအပြင် လျှောက်ထားလိုသူများသည် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့(ရန်ကုန်ရုံးခွဲ)၊ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ လျှောက်လွှာဝယ်ယူနိုင်ပြီး၊ လူကိုယ်တိုင်(သို့)စာတိုက်မှတစ်ဆင့် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ Online စနစ်ဖြင့် e-Recruitment and Selection System (e RSS) (UCSB e-RSS Mobile Application နှင့် UCSB e-RSS Web Based)တို့ အသုံးပြု၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

#ymg/sth
#Yangon_Media_Group