#LocalNews
Published_ 12 January 2023

 

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးမှု မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၁ ရက် က ဖြစ်ပွားခဲ့သည်။

 

နွားထိုးကြီးမြို့ နယ်၊ မြင်းနီကျေးရွာနေ ဦးဆန်းဝေ နှင့် အသက် ၁၁ နှစ်အရွယ် မောင်ကံကောင်းတို့ ၂ ဦး မှာ အဆိုပါကျေးရွာ၏ အနောက်ဘက်၌ နွားကျောင်းနေစဉ်လက်နက်ကိုင်တစ်ဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲ၍ အထက်ပါအတိုင်းသေဆုံးခဲ့ကာ ဦးဆန်းဝေတွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းကြောင့် အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဦးဆန်းဝေနှင့် မောင်ကံကောင်းတို့အား နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ymg/mt
#Yangon_Media_Group