#Local_News
Published_ 13 January 2023

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဟန်တဲရပ်ကွက်၊ ရာဘာတောအနီးတွင် ဇန်နဝါရီလ ၁၂ ရက်ညနေ ၂ နာရီခန့်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သောကြောင့် ယာဉ်ပေါ်ပါ အမျိုးသား၅ဦး ၊ အမျိုးသမီး ၃ဦးအနက် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

 

ယင်းအပြင် စိုးရိမ်ရသည့်ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား၂ဦးနှင့် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးရှိကြောင်း၊ ကျန်၂ ဦးမှာ ထိခိုက်ဒဏ်ရာမရခဲ့ကြကြောင်းလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ယာဉ်တိမ်းမှောက်သည့်နေရာသို့ ဗန်းမော်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးယာဉ် ၁ စီးဖြင့် တပ်ဖွဲ့ဝင် ၉ဦးတို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း၊သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား သုညသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

 

Photo-MFSD
#ymg/mt
#yangon_Media_Group