#World_Military
Published 12 January 2023

ယူကရိန်းစစ်ပွဲမှာ တာဝန်ယူဖို့အတွက် ရုရှားသမ္မတ'ဗလာဒီမာပူတင်'က 'ဆာဂေးဆူရိုဗစ်ကင်'ကို တာဝန်ပေးအပ်ပြီးနောက် ၃ လကျော်အကြာမှာပဲ သူ့ကိုရာထူးချပြီး အစားထိုးခန့်အပ်ခြင်း ပြုလုပ်ခဲ့ပါတယ်။

 

စစ်အသိုင်းအဝိုင်းမှာ 'နောက်ဆုံးအဆုံးအဖြတ်ဗိုလ်ချုပ်'လို့ တင်စားခေါ်ဝေါ်ကြတဲ့ 'ဆူရိုဗစ်ကင်'ရဲ့နေရာမှာ ဗိုလ်ချုပ်ကြီး'ဗယ်လာရီဂျရာဆိုင်မော့ဗ်'နဲ့ အစားထိုးမှာဖြစ်ပါတယ်။

 

ဒီအကြောင်းကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူတို့ရဲ့တရားဝင် တယ်လီဂရမ်အကောင့်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

"ရုရှားတပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး'ဗယ်လာရီဂျရာဆိုင်မော့ဗ်'အား ပူးပေါင်းတပ်ဖွဲ့၏တပ်မှူးကွန်မန်ဒါအဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်" လို့ ကြေညာခဲ့ပါတယ်။

 

'ဂျရာဆိုင်မော့ဗ်'ဟာ အခြားဗိုလ်ချုပ်ကြီး ၂ ဦးဖြစ်တဲ့ 'အိုလက်ဆယ်လျူကော့ဗ်'၊ 'အဲလက်ဇီကီ'တို့နဲ့ အတူတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး 'ဆူရိုဗစ်ကင်'ကတော့ 'ဂျရာဆိုင်မော့ဗ်'ရဲ့ လက်ထောက်အဖြစ် ထမ်းဆောင်ရမှာဖြစ်ပါတယ်။

 

ကျွမ်းကျင်သူအများစုက ဒီလုပ်ရပ်ဟာ အထိတ်တလန့်နဲ့ ကြုံရာကျပန်းလုပ်ဆောင်တာဖြစ်တယ်လို့ မြင်နေကြပြီး ရုရှားဘက်ကတော့ ဒါဟာ တပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်စေရန်ရည်ရွယ်ကြောင်း ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက 'ဆူရိုဗစ်ကင်'ကို စစ်ပွဲအတွက် တာဝန်ပေးအပ်ခဲ့ကြောင်း လူသိရှင်ကြားကြေညာခဲ့ပါတယ်။

 

သူ့ရှေ့ကတာဝန်ယူခဲ့တဲ့ပုဂ္ဂိုလ်အကြောင်း သေချာမသိရပေမယ့် စစ်ပွဲကာလအစောပိုင်းတွေမှာ အုပ်စိုးခဲ့ပြီး ဒုတိယချီချန်စစ်ပွဲက ဗိုလ်ချုပ်လည်းဖြစ်တဲ့အပြင် ဆီးရီးယားမှာလည်း ရုရှားကွန်မန်ဒါဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး'အဲလက်ဇန်ဒါဒီဗော်နီကော့ဗ်'ဖြစ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

 

'ဆူရိုဗစ်ကင်'တာဝန်ယူပြီးနောက် ရုရှားဟာ သမားရိုးကျစစ်ဗျူဟာကိုသာ ဦးစားပေးခဲ့ပါတယ်။

 

တင့်ကားတွေနဲ့ ခြေလျင်တပ်များအသုံးပြုမယ့်အစား ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ပါတယ်။

 

ခဏတာတော့ ယူကရိန်းမြို့တွေမှာ လျှပ်စစ်မီးများပြတ်တောက်ခဲ့ပေမယ့် သူတာဝန်ယူပြီး ၁ လအတွင်းမှာ ရုရှားတပ်တွေဟာ သူတို့သိမ်းပိုက်ထားရာတစ်မြို့တည်းသောဖြစ်တဲ့ တောင်ပိုင်းမြို့ခါဆန်ကနေ ဆုတ်ခွာလာခဲ့ရပါတယ်။

 

Source: WION
#Yangon_Media_Group