#World_Science
Published 8 January 2023

အချိန်ဆွဲနှောင့်နှေးတတ်တဲ့အကျင့်ဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေသာပိုဖြစ်စေပြီး တက္ကသိုလ်ကျောင်းသားတွေမှာလည်း နောက်ဆုံးအချိန်ရောက်မှ လုပ်တတ်တဲ့အကျင့်ကြောင့် စိတ်ဓာတ်ကျခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးအခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။

 

ဆွီဒင်မှ တက္ကသိုလ်ကျောင်းသား ၃,၅၂၅ ဦးကိုအကဲဖြတ်ခဲ့ကြပြီး အချိန်ဆွဲပြီးနောက်ကျမှ ပြုမူတတ်တဲ့အကျင့်ဟာ နောက် ၉ လနေတဲ့အခါမှာ ကျန်းမာရေးဆိုးရွားမှုနဲ့ ဆက်စပ်နေသလားဆိုတာကို လေ့လာခဲ့ကြပါတယ်။

 

တက္ကသိုလ်ကျောင်းသားတွေဟာ ကျောင်းစာနဲ့ပတ်သက်ပြီး နောက်ဆုံးအချိန်ရောက်မှ လုပ်တတ်တဲ့အကျင့်ရှိနေကြပါတယ်။

 

ကျွန်ုပ်တို့အားလုံးလည်း ဒီလိုမျိုး အချိန်ဆွဲလုပ်တတ်ဖူးကြသလို လေ့လာချက်များအရ ကျောင်းသားတဝက်ခန့်ဟာ ကျောင်းစာတွေကို နောက်ဆုံးအချိန်ရောက်တဲ့အထိ အချိန်ဆွဲလုပ်တတ်ကြပါတယ်။

 

အချိန်ဆွဲလုပ်ကိုင်ခြင်းကြောင့် အာရုံပျံ့လွင့်ခြင်း၊ အသိစိတ်ဓာတ်နည်းပါးခြင်းတို့ ဖြစ်စေနိုင်သလို ပညာရေးအောင်မြင်မှုကိုပါ သက်ရောက်မှုရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

တက္ကသိုလ်ကျောင်းသားတွေမှာ လွတ်လပ်ပိုင်ခွင့်မြင့်မားပြီး စနစ်တကျလုပ်ကိုင်ပုံနိမ့်ပါးသေးတာကြောင့် သူတို့ရဲ့လုပ်ကိုင်နိုင်စွမ်းနဲ့ပတ်သက်ပြီး လိုအပ်မှုများရှိကာ အချိန်ဆွဲလုပ်တတ်သူတွေမှာ ဆိုးရွားတဲ့ဘက်ကို အလွယ်တကူရောက်ရှိသွားနိုင်ပါတယ်။

 

လေ့လာချက်တွေက ကြီးကြီးမားမားမဟုတ်ပေမယ့် အချိန်ဆွဲလုပ်ကိုင်တတ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဥစ္စာရေးရာကဏ္ဍတို့မှာ နိမ့်ကျခြင်းတို့ကြား ဆက်စပ်မှုရှိနေကြောင်း ဇန်နဝါရီ ၄ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

 

ဒီအလေ့အကျင့်က ကျန်းမာရေးအရ ခြုံငုံကြည့်ရင် သိပ်မသိသာပေမယ့် ပတ်သက်မှုအနည်းငယ်တော့ ရှိနေပါတယ်။

 

နောက်ဆုံးအနေနဲ့ ကျောင်းသားတွေဟာ ကျောင်းစာတွေကို အချိန်ကပ်မှမလုပ်သင့်ကြောင်း သုတေသီများက တိုက်တွန်းလိုက်ပါတယ်။

 

အချိန်ဆွဲလုပ်တတ်တဲ့အကျင့်က တက္ကသိုလ်ကျောင်းသားတွေကြား ကူးစက်လွယ်ပြီး ဒီတွေ့ရှိချက်တွေက ကျောင်းသားတွေရဲ့ကျန်းမာရေးကို ပိုမိုသိရှိလာစေကြောင်း ဖော်ပြခဲ့ပါတယ်။

 

Source: NY Post
#Yangon_Media_Group