#World_Health
Published 3 January 2023

 

အရက်သောက်ခြင်းနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန်သတိထားရမယ့် အချက်အလက်တွေကို သိထားတာ အကောင်းဆုံးပါ။

 

နှစ်သစ်ကူးပွဲလိုမျိုး အချိန်တွေမှာ အမူးအရူးအရက်သောက်ခြင်းမျိုး ပြုလုပ်ကြလေ့ရှိပါတယ်။

 

ကြာချိန် ၂ နာရီအတွင်း အနည်းဆုံး ၄ ခွက်သောက်ခြင်းကို အလွန်အကျွံသောက်တယ်လို့ သတ်မှတ်ရပါမယ်။

 

အရက်ကို မူးရူးအောင်သောက်ခြင်းဟာ ကျန်းမာရေးနဲ့ အပြုအမူအတွက် အလွန်ဆိုးရွားတာကြောင့် လုံးဝရှောင်ရှားသင့်ပြီး ညစဉ်လိုအပ်ချက်အရ အသင့်အတင့်သောက်ဖို့သာ အရေးကြီးပါတယ်။

 

အလွန်အကျွံသောက်ခြင်းကို ရှောင်ရှားနိုင်ရန် အမျိုးမျိုးသောသောက်စရာတွေ သောက်မယ့်အစား တစ်မျိုးတည်းကိုသာသောက်သုံးဖို့ အကြံပြုထားပါတယ်။

 

ဒါ့အပြင် အရက်ချည်းပဲသောက်တဲ့အခါ သွေးထဲမှာ အရက်ကိုလျင်မြန်စွာစုပ်ယူသွားတာကြောင့် စားစရာစားပေးဖို့လည်း လိုအပ်ပါတယ်။

 

အရက်ဟာ အသည်းလိုအင်္ဂါတွေအတွက် အဆိပ်အတောက်ပစ္စည်းဖြစ်ပြီး အသက်အန္တရာယ်မရှိရင်တောင် ရောဂါဆိုးများဖြစ်နိုင်ချေရှိပါတယ်။


အရက်သောက်ရင် အဓိကပြဿနာက အသည်းထိခိုက်ခြင်းပါပဲ။
အသည်းရောင်ပြီး အသည်းထဲမှာ ဖက်တီးဆဲလ်များစုပြုံလာကာ အသည်းအမာရွတ်ဖြစ်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာအထိ ဖြစ်တတ်ပါတယ်။

 

အရက်ဘယ်လောက်သောက်ရင် ဘယ်လောက်ထိခိုက်လဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပေမယ့် အချို့လူတွေမှာ ပိုပြီးထိခိုက်တတ်ပါတယ်။

 

ဒါ့အပြင် အဝလွန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း စတဲ့အခြေအနေတွေမှာ အသည်းကိုပိုထိခိုက်တတ်ပါတယ်။

 

သာမန်အားဖြင့်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အရက်ကြောင့်ပိုပြီးထိခိုက်တတ်ပါတယ်။

 

အရက်ကို အလွန်အကျွံသောက်မိတဲ့အခါ...

(၁) အလုပ်မှာ ပုံမှန်အလုပ်မလုပ်နိုင်ခြင်း၊ ယာဉ်စည်းကမ်းချိုးဖောက်ခြင်း၊ ကြမ်းရမ်းပြုမူခြင်း တို့ပြုလုပ်တတ်ပါတယ်။

 

(၂) စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းစတဲ့ စိတ်အခြေအနေမမှန်ခြင်းမျိုး ဖြစ်နိုင်ပါတယ်။

 

(၃) အရက်က သွေးထဲအလျင်အမြန်ရောက်သွားပြီး မှတ်ဉာဏ်ပြန်လည်စဉ်းစားရာမှာ အခက်အခဲဖြစ်ခြင်း

 

(၄) အရက်စွဲလမ်းနိုင်ချေများလာပြီး တကယ့်အရက်သမားဖြစ်လာခြင်း တို့ဖြစ်နိုင်ပါတယ်။

 

ဆေးဘက်ဆိုင်ရာပညာရှင်တွေကတော့ ဒါနဲ့ပတ်သက်ပြီး အလွန်အကျွံမသောက်ဖို့ အကြံပြုကြပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group